ABOUT JUSTIN BIEBER
- Khant Zwe Naing
- Jan 4, 2018
- 6 min read
Justin Drew Bieber ကို Canada နိုင်ငံ Ontario စီရင်စုရဲ့ အနောက်တောင်အရပ်မှာတည်ရှိတဲ့ London မြို့ St.Joseph's Hospital , ဒုတိယအထပ် အခန်းနံပါတ် 126 မှာ မွေးဖွားခဲ့တာဖြစ်ပါတယ် မွေးဖွားချိန်မှာ 7 ပေါင်နဲ့ 11အောင်စရှိပီး သွေးအမျိုးအစားကတော့ AB+ ပါ မွေးဖွားတဲ့အချိန်ကတော့ March 1, 1994 (အဂါင်္နေ့) 12:56 Am ဖြစ်ပီးတော့ မွေးဖွားချိန်မှာ မိုးလည်းရွာနေတယ်လို့သိရပါတယ် မွေးဖွားပေးတဲ့ ဆရာဝန်က Simon Bexlaham ဖြစ်ပါတယ်။
Jeremy Bieber နဲ့ Pattie Mallette တို့ရဲ့ တစ်ဦးတည်းသောသားပါ Justin Bieber ဟာ.. မွေးကတည်းက ချမ်းသာ တဲ့ သူမဟုတ်ပါဘူး.. Avon Theatre ရှေ့မှာ Guitar တီး တဲ့ ဘဝ က နေ တက်လာတာပါ.. Justin Bieber ဟာ Canadian Pop Star တယောက်ဖြစ်ပါတယ်... ဒါပေမယ့် Canadian စစ်စစ်ကြီးတော့မဟုတ်ပါဘူး ပြင်သစ်နဲ့ ဂျာမန် သွေးနှောတစ်ဦးပါ သူ အသက် 12 နှစ်အရွယ်တုန်း က Local Talent Competition မှာ Neyo ရဲ့ so sick သီချင်းနဲ့ဝင်ပြိုင်ခဲ့ပီး Second Place ချိတ်ခဲ့ပါတယ် .. သူ၏ မိခင် Pattie က သူ့သားရဲ့ cover song ဆိုတဲ့ video တွေ အဆိုပြိုင်ပွဲဝင်ခဲ့တဲ့ video တွေကို သူငယ်ချင်းတွေ မိသားစုတွေ ကြည့်ရှုရန်အတွက် You Tube မှာ တင်ခဲ့ပါတယ် Justin ရဲ့ Manager Scooter Braun ဟာ Pattie တင်ထားတဲ့ video ထဲကတစ်ခုကို မတော်တဆ နှိပ်မိရာကနေအစပြုပီး Justin ကိုတွေ့ရှိသွားတာဖြစ်ပါတယ် အဲ့မှာပဲ အဆိုတော်တစ်ယောက်ဘဝကိုအစပြုတယ်လို့ဆိုရမှာဖြစ်ပါတယ်
2009 ခုနှစ် July လမှာ Justin ဟာ သူရဲ့ Debut Single ဖြစ်တဲ့ One Time ကို စတင်ဖြန့်ချီခဲ့ပါတယ် ... US Billboard မှာ နံပါတ် 17 အထိ ရောက်ရှိခဲ့ပါတယ် ... လွယ်လွယ်နဲ့ ရောက်ခဲ့တာတော့မဟုတ်ပါဘူး Justin ဟာ မနားမနေ ကြိုးကြိုးစားစားနဲ့ Radio Station တိုင်းမှာ One time သီိချင်းကိုလိုက်ဆိုခဲ့ပါတယ် November လမှာ သူ့ရဲ့ Debut EP ဖြစ်တဲ့ My World EP ကို ဖြန့်ချီခဲ့ပါတယ် ... ဒီ EP ကနေ ထွက်ရှိခဲ့တဲ့ Single တွေဟာ US မှာ Top 40 ၀င်ပါတယ် ... 2010 ခုနှစ် March မှာ Justin Bieber ဟာ သူ့ရဲ့ Debut Album ဖြစ်တဲ့ My World 2.0 ကို ထုတ်ခဲ့ပါတယ် ...အဲ့ဒီ album ဟာ US billboard 200 မှာ No 1 နေရာကိုရယူပီးနောက် Justin ဟာ 1963 Stevie Wonder ပီးနောက် ဒုတိယ အသက်အငယ်ဆုံး Billboard 200 album chart မှာ No 1 နေရာကို ရယူနိုင်တဲ့သူဖြစ်လာပါတယ် (Stevie Wonder ဆိုတာလည်း နှယ်နှယ်ရရမဟုတ်ပါဘူး Grammy 25 ဆုရယူထားတဲ့ မျက်မမြင်အဆိုတော်ကြီးပါ ) January မှာ ထုတ်ခဲ့တဲ့ Debut Album ရဲ့ Lead Single ဖြစ်တဲ့ Baby သီချင်းဟာ Justin Bieber ကို ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဖြစ်လာစေခဲ့ပါတယ် ... Baby သီချင်းဟာ US မှာ နံပါတ် 5 ရရှိခဲ့ပြီး နိုင်ငံတိုင်းလိုလိုမှာ Top Ten ၀င်ခဲ့ပါတယ်
ဒါ့အပြင် Baby သီချင်းရဲ့ Music Video ဟာ အဲ့အချိန်တုန်းက Youtube(Vevo) မှာ လူကြည့်အများဆုံး ဖြစ်တဲ့ Lady Gaga ရဲ့ Bad Romance Music Video ကို 2010 July မှာ စံချိန် ချိုးနိုင်ခဲ့ပြီးတော့ 2015 ခုနှစ်မှာ Taylor Swift ရဲ့ Blank Space Music Video က စံချိန် အသစ် မတင်နိုင်ချိန်အထိ ငါးနှစ်နီးပါး Youtube(Vevo) မှာ လူကြည့်အများဆုံး music video အဖြစ် စံချိန်ရယူထားနိုင်ခဲ့ပါတယ် ... Baby သီချင်းဟာ Vevo မှာ 1 Billion Views ပထမဆုံး ရရှိတဲ့ Music Video ပါ (Psy ဟာ 1 B ပြည့်တာ ပထမဦးဆုံးဖြစ်ပေမယ့် Kpop Artist တစ်ဦးဖြစ်လို့ Vevo စံချိန်တွေမှာ ထည့်မရေတွက်ပါဘူး) အဲ့အချိန်ကတည်းက Justin Bieber ဟာ Internet မှာ ရှာဖွေမှု အများဆုံး အမျိုးသားအဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ... 2011 ခုနှစ် Grammy ဆုပေးပွဲမှာ Justin ဟာ Best New Artist နဲ့ Best Pop Vocal Album nominations တွေရရှိခဲ့ပါတယ် ... 2011 November မှာ Justin ဟာ Christmas Album ဖြစ်တဲ့ Under the Mistletoe Album ကို ဖြန့်ချီခဲ့ပြီး US မှာ နံပါတ် 1 Album ဖြစ်ခဲ့ပါတယ် ... 2012 June လမှာ Justin Bieber ဟာ 3rd Album (Christmas Album Under the Mistletoe ကို ထည့်ရေတွက်ထား) ဖြစ်တဲ့ Believe ကို ဖြန့်ချီခဲ့ပါတယ် ... Lead Single Boyfriend ဟာ US မှာ နံပါတ် 2 နေရာထိ ရောက်ရှိခဲ့ပါတယ် ...(No 2 ထိပဲရောက်ရခြင်းက Boyfriend သီချင်းကို iTunes store တစ်မျိုးတည်းမှာသာ ရောင်းချခဲ့ခြင်းကြောင့်ဖြစ်ပါတယ်) တခြား Single တွေဖြစ်တဲ့ As Long As You Love Me နဲ့ Beauty & A Beat (ft Nicki Minaj) တို့ကလည်း US မှာ Top Ten ၀င်ခဲ့ပါတယ် ... 2013 ခုနှစ်မှာ Journals Collaboration Album ကိုလည်း ဖြန့်ချီခဲ့ပါသေးတယ် ... 2014 ခုနှစ်မှာ Justin Bieber ဟာ Miami ကမ်းခြေမှာ သောက်စားမူးယစ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် 24Hr ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ် ...ဖမ်းဆီးခံရစဉ်အတွင်း Miami Police Station ရှေ့မှာ Belieber တွေက Be alright သီချင်းကိုဆိုပီး Justin ကိုနှစ်သိမ့်ပေးခဲ့ကြပါတယ် ဒီပြစ်မှုကြောင့် JB ကို US ကနေ နယ်နှင်ဒဏ်ပေးဖို့ လူပေါင်း 270000ကျော်က အိမ်ဖြူတော်ကိုတောင်းဆိုခဲ့ကြပါတယ် ဒါပေမယ့် US အိမ်ဖြူတော်က ဒီလို ပြစ်မှုမျိုးဟာ နိုင်ငံကနေ နှင်ထုတ်ရလောက်တဲ့အထိ အပြစ်မကြီးကြောင်း တုံ့ ပြန်ခဲ့ပါတယ် .. (ဒါကိုပြောပြရခြင်းက Belieber မဟုတ်တဲ့ ကျနော့်သူငယ်ချင်း တော်တော်များများက JBက American ကနေ နှယ်နှင်ဒဏ်ပေးခံရတာ ဟုတ်လား လို့ လာလာမေးကြလွန်းလို့ပြောပြတာပါ) အိမ်နီးချင်းတံခါးကိုကြက်ဥနဲ့ပေါက်မှုတွေ Great Wall မှာ Bodyguard တွေရဲ့ ပုခုံးပေါ်ထိုင်မှုတွေ စတဲ့ အမှားတွေကို ကျုးလွန်ခဲ့ဖူးပါတယ် အဲ့ဒီအချိန်တွေတုန်းက ဖိအားဒဏ်ကို အရမ်းခံစားခဲ့ရတဲ့အချိန်တွေ Selena နဲ့လည်း ပြတ်စဲခဲ့တဲ့အတွက် အသည်းကွဲနေတဲ့အချိန်တွေ 2013-2014 ဟာ Justin အတွက်တော့အတော်ဆိုးဝါးခဲ့တဲ့အချိန်ပါ 2014 မှာပဲ Justin ဟာ ဂီတလောကကနေ အနားယူတော့မယ်လို့ကြေငြာခဲ့ပါတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချမ်းသာ အောင်မြင်လာရင် အောင်မြင်မှုဒဏ်ကို မခံနိုင်ကြတာ သဘာဝပါပဲ Don't forget that he is a human !!! ဒါပေမယ့် Justin Bieber ဟာ သူ့အမှားတွေအတွက် 2015 မှာ သူ့ရဲ့ အတိတ် က လုပ်ရပ် များနဲ့ ပတ်သတ်ပြီး တောင်းပန်မှု 13 ကြိမ်တိတိ ပြုလုပ်ခဲ့ပါတယ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ် YOU ARE NOT GOD NOT TO FORGIVE :-) ဒီလိုနဲ့ 2015 မှာ သူ့အမှားတွေကို တောင်းပန်ပီး Jack U ရဲ့ Single Where Are U Now မှာ featuring ဆိုခဲ့ရာကနေ ဂီတလောကကို ပြန်လာခဲ့ပါတယ်.. .ဒီသီချင်းက ဒီနှစ် Grammy မှာ Best Dance Recording ဆုရရှိခဲ့ပါတယ် ... 2015 ခုနှစ် နှစ်ကုန်ပိုင်းမှာ Justin Bieber ဟာ 4th Album Purpose ကို ဖြန့်ချီခဲ့ပါတယ် .. ဒီ Album ဟာ US မှာ နံပါတ် 1 Album ဖြစ်ခဲ့ပြီး ဒီ Album ကနေ လက်ရှိအထိ What Do You Mean?, Sorry. Love Yourself Single 3 ခု ထွက်ခဲ့ရာက 3 ခုလုံးဟာ US မှာ နံပါတ် 1 တွေဖြစ်ခဲ့ပါတယ် အဲ့တုန်းကလည်း No 1 နေရာကို သူ့သီချင်းနဲ့သူ ပြန်လုနေတာပါ😂😂 အဲ့နောက်ပိုင်းထွက်တဲ့ Cold water , Let me love you, Despacito , I'm the one အစရှိတဲ့ Justin featuring အဖြစ်သီဆိုထားတဲ့သီချင်းတွေကလည်းUS top 5 ဝင်ခဲ့ပီး အောင်မြင်ခဲ့ပါတယ် Despacito ကလက်ရှိ Billboard no 1 ဖြစ်ပီးI'm the one ကတော့ No 3 ပါ Justin Bieber ဟာ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အသည်းစွဲ Top Male Artist တစ်ဦးဖြစ်ပါတယ် ... လက်ရှိအချိန်မှာ No. 1 Album 6 ခုရရှိထားပြီး ဖြစ်ပါတယ် ... Grammy ဆု တစ်ဆု အပါအ၀င် AMA Artist Of the Year 2 ဆု အပါအ၀င် AMA 12 ဆု, Brits 2 ဆု, VMA 3 ဆု, EMA 21ဆု (EMA သမိုင်းမှာ ဆုအများဆုံးပါ) , BBMA 14 ဆု နဲ့ TCA 20 ဆု အစရှိတဲ့ ဆုတွေအပါအ၀င် ဆုပေါင်းများစွာ ရရှိထားတဲ့ အသက်ငယ်ငယ် အဆိုတော် တစ်ယောက်ဖြစ်ပါတယ် ... ဒါ့အပြင် US 10 Millions Sales ပြည့်မှ ရရှိတဲ့ RIAA ရဲ့ Diamond Award ကိုလည်းBabyသီချင်းနဲ့ရရှိထားပါတယ် 😎😎 Justin ဟာ Guinness စံချိန် 14 ခုပိုင်ရှင်ပါ 😍 Billboard Debut #1 song နှစ်ခုရှိတဲ့ သုံးယောက်မြောက် *Artist* ဖြစ်ပီးတော့ ပထမဦးဆုံး *Male artist* ပါ☺☺ Justin ဟာ Billboard No 1 နေရာကို *တစ်ပတ်ပဲခြားပီး* ကိုယ့်သီချင်းနဲ့ ကိုယ်အစားထိုးပီး နေရာယူတဲ့ ပထမဦးဆုံး Artist အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ် Forbes မဂ္ဂဇင်းကဖော်ပြတဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး Celebrities စာရင်းမှာလည်း 2011,2012,2013 သုံးနှစ်ဆက်တိုက်ပါဝင်ခဲ့ပါတယ် Justin ဟာ NASA ကို 1 million dollors ပေးပီးတော့ အာကာသထဲက ကြယ်တစ်လုံးကို Belieber လို့ နာမည်ခေါ်စေခဲ့ပါတယ် 2011 မှာ Justin Bieber ဟာ ကလေး အဖေ ပါလို့ မိန်းမ တယောက်ရဲ့ စွပ်စွဲခြင်း ခံခဲ့ရပါတယ်.. DNA စစ်ကြည့်တဲ့ အခါ မှာ Justin Bieber ဟာ ကလေး အဖေ မဟုတ်ကြောင်း သိခဲ့ရပါတယ်.. ( လူတွေက စွပ်စွဲတာပဲ သိပြီး ပြန်ဖြေရှင်းတဲ့အချိန် ကျတော့နားတွေ မျက်လုံးတွေ ဘယ်ရောက်ကုန်မှန်းမသိကြဘူး unsure emoticon ) အဲ့ Scandal ကို အကြောင်းပြုပြီး သူ Maria ဆိုတဲ့ သီချင်း ကိုရေးသား ခဲ့ပါတယ်.. နောက်ပီး နောက်တစ်ချက် Justin က သူ့ပရိတ်သတ်တွေအပေါ် တံတွေးထွေးတယ်ဆိုတဲ့ကိစ္စ အဲ့ဒါလုံးဝမဟုတ်ပါဘူး Photoshop သက်သက်သာဖြစ်ပါတယ် အဲ့ကိစ္စကို ပြောနေကြတာမပီးလို့်ပါ ယောကျာ်းတယောက်နဲ့ Sex ဆက်ဆံ နေတယ်လို့ ထင်ရတဲ့ ပုံ ဟာ Edit ပုံသာ ဖြစ်ပါတယ်.. နောက်ပီး Justin Bieber ကို India ကို လာစေချင်ရင် ဒါတွေလုပ်ပေးရမယ်ဆိုတဲ့ caption နဲ့ Justinက တောင်းဆိုမှုတွေအများကြီးလုပ်တယ်ဆိုတဲ့သတင်းဟာလည်း Fake news သာ ဖြစ်ပါတယ် Justin တကယ်တောင်းဆိုခဲ့တာက Energy Drink and Vitamin Water နှစ်မျိုးတည်းပါ ကျန်တဲ့ဟာတွေက Organizer တွေက Justin India ကိုလာတဲ့ခရီးစဉ်ကို သူ့ဘဝတစ်လျှောက်လုံး အမှတ်ရနေစေဖို့ဆိုပီး စီစဉ်ပေးတာပါ Justin တောင်းဆိုတာမဟုတ်ပါဘူး မြန်မာမှာ အဲ့သတင်းစလွှင့်တဲ့ page ကတော့ ထုံးစံအတိုင်း Duwun page ပါ တွေ့သမျှသတင်းတွေကိုမယုံပါနဲ့လို့ ပြောပါရစေ Hollywood life , TMZ စတဲ့သတင်းဋ္ဌာနတွေက သတင်းတစ်ပုဒ် ဖြစ်ဖို့သာ အဓိကထားပါတယ် Gossip Page တွေပါ Justin Bieber မကောင်းကြောင်းတွေကို မဟုတ်မမှန်ပဲ အရေးနိုင်ဆုံးကတော့ TMZ သတင်းဋ္ဌာနပါ မြန်မာမှာဆို *Duwun Page* ပါ Justin Bieber ဟာ Never Say Never Movie နဲ့ Believe Movie ဆိုပီး Movie နှစ်ခု ရိုက်ကူးထားပါတယ် Never Say Never movie ကတော့ သူ့ငယ်ဘဝပုံရိပ်တွေ အောင်မြင်မှုရဖို့အဆင့်အဆင့်ဖြတ်သန်းလာပုံတွေကိုရိုက်ကူးထားပီးတော့ Believe Movie ကတော့ သူကြုံတွေ့ခဲ့ရတဲ့ပြသနာတွေ မဟုတ်မမှန်ပဲစွပ်စွဲခံရတာတွေ အောင်မြင်မှုပုံရိပ်တွေကိုရိုက်ကူးထားပါတယ် ဘယ်ချိန်ကြည့်ကြည့်မရိုးပါဘူး 😍 Never Say Never movie က ဝင်ငွေUSD $ 100 million ရရှိခဲ့ပါတယ်.. Believe Movie က ဝင်ငွေ USD $ 11 million ပါ Justin Bieber ဟာ သူ Believe Tour လုပ်လို့ ရလာတဲ့ ငွေ Million ပေါင်းများစွာကို #GiveBackPhilippines ဆိုပီး ရေဘေး ထိတဲ့ Philippines တွေ ကို လှူခဲ့ပါတယ် .. Justin Bieber ဟာ .. သူ့ရဲ့ ရရှိတဲ့ ပိုက်ဆံ တွေထဲကနေ .. . Alzheimer´s Association Children´s Miracle Network Hospitals City of Hope Comic Relief Cure Duchenne Dosomething.org Food Bank For New York City Give Back Hollywood Foundation Grammy Foundation It Gets Better Project Jumpstart KaBoom Make a wish Foundation Musicians On Call Pancils Of Promise (ဒီကျောင်းထောင်ဖို့ အတွက် သူ ကိုယ်တိုင်လုပ်အားပေးခဲ့တာပါ ) PeTA Red Cross Starship Foundation Usher´s new Look Foundation World Vision ဆိုတဲ့ စသည့် Associations တွေကို လှူ ဒါန်း မှုပြု လုပ်ခဲ့ပါတယ် . Justinဟာ 2013မှာBrazil Cancer Hospital ကို $20millionလှူဒါန်းခဲ့ပါတယ် 2017 May7 မှာလည်း Peruဒုက္ခသည်တွေအတွက်$24,000ဖိုးလှူခဲ့ပါသေးတယ် Philippines မှာTyphoon Haiyan ကြောင့်ဒုက္ခရောက်ရသူတွေအတွက်#GiveBackPhilippines လိုဆို ပြီးbeliebersတွေရဲ့လှူဒါန်းမှုနဲ့$3millonရရှိခဲ့ပြီးကာကွယ်ဆေးထိုးရေး၊သောက်ရေသန့်ရှင်းရေး၊မိလ္လာရေဆိုးစနစ်ကောင်းမွန်ရေးတို့ကိုလုပ်ဆောင်ခဲ့ပါတယ်
2013 Octoberမှာလည်း justinကိုယ်တိုင်Guatemala နိုင်ငံကိုသွားပြီး ကျောင်းတွေဆောက်လုပ်ဖို့ကူညီခဲ့ပါတယ် သူကိုယ်တိုင်လည်းဒေသခံကလေးတွေနဲ့ရွံတွေထဲမှာကစားပေးခဲ့ပါသေးတယ် Justinက"ဒါကျွန်တော့်အတွက်မဟုတ်ပါဘူး ကလေးတွေအတွက်ပါ ဒါဟာရိုးရှင်းပြီးပေါ်လွင်ပါတယ် ကျွန်တော်ဒီအကြောင်းတွေကိုမျှဝေပြီး ကမ္ဘာကြီးနဲ့ကျွန်တော်ပူးပေါင်းပြီး ဒီပညာရေးကပ်ဆိုက်မှုကိုအဆုံးသတ်ကြရ မယ်"လို့ဒီခရီးအပေါ်အမြင်ပြောပြခဲ့ပါတယ် Justin ဟာ Children's Wish Foundation of Canada မှာလည်း$500,000 ကိုလှူဒန်းခဲ့ပါတယ် သူ့ရဲ့show performance မတိုင်မှီ backstageမှာ လည်းပြင်းထန်တဲ့ဝေဒနာခံစားနေရတဲ့ကလေးငယ်တွေနဲ့အချိန်ကုန်ဆုံးပေးခဲ့ပါသေးတယ်❤❤ ဒါတောင်အများကြီးကျန်ပါသေးတယ်❤❤ အကို တို့ အမ တို့ ပြောနေကြတဲ့ Gay ဆိုတဲ့ Justin Bieber ဟာ Celebrity မိန်းကလေးတွေ နဲ့ Rumor ထွက်ခဲ့ပါတယ် Miley Cyrus,Jassica Jarrell,Babara Palvin,Miranda Kerr,Tani Neves, Rita Ora,Adriana Lima,Kylie jenner, Kendall Jenner,Hailey Baldwin,Lira Galore,Ashley Moore,Shanina Shaik, (Sofia Richie)👈blbတွေရဲ့အချစ်တော်😂😂 သူ တကယ် တွဲ ခဲ့တဲ့ Celebrity ကတော့ အားလုံးလည်း သိကြမှာပါ.. Selena gomez , Hailey Baldwin ,Caitlin Beadles ,Chantel Jeffried ,Yovanna Ventura ,Sofia Richie တခါက JUSTIN BIEBER ရဲ့ show ပွဲကို လာတဲ့ ကောင်မလေးဟာ လမ်းမှာ Rape လုပ်ခြင်းခံရပါတယ်.. ကောင်မလေး က အရမ်းရှက်ပြီး သူ့ကိုယ် သူ သတ်သေဖို့ လုပ်ခဲ့ပါတယ်.. အဲ့အကြောင်းကို သိသွားတဲ့ Justin ဟာ.. Show ပွဲ ဖျက် ခံပြီး အဲ့ကောင်မလေးကို သွားရောက် တွေ့ ဆုံ အားပေး ခဲ့ပါတယ် . Justin Bieber ဟာ သူ့ရဲ့ Song , Believe and Be Alright , Life is worth living နဲ့ Suicide လုပ်မှုတွေကို 34 % ကို လျှော့ချ ပေးနိုင်ခဲ့ပါတယ်.. သူ့ကို တွေ့ ချင်တဲ့ ကျန်းမာရေး မကောင်းတဲ့ ကလေး ငယ် တွေကို သွားတွေ့ ပေးခဲ့ပါတယ် ... သူ့showကိုလာရင်း car accident ဖြစ် သွားပြီးမလာနိုင်ခဲ့တဲ့belieberတယောက်ဆီကို သူကိုယ်တိုင်သွားပြီး private concertလည်းလုပ်ပေးခဲ့ပါသေးတယ် Knock Knock အစီအစဉ်ကနေ ဦးနှောက်အမြှေးရောင်ရောဂါခံစားနေရတဲ့ ရောဂါသည်ကိုလည်း Suprise လုပ်ခဲ့ပါသေးတယ် Video မကြည့်ရသေးရင် ဒီမာကြည့်ပါ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 https://m.facebook.com/story.php?story_fbid=399305537135983&id=100011696192613 သူဟာ ကလေး မလေး Avalanna ကြောင့် ငို ခဲ့ရဖူးသူ ဖြစ်ပါတယ် ( Avalanna ဆိုတဲ့ ကောင်မလေး က ရောဂါ နောက်ဆုံး အဆင့်နဲ့ ကွယ်လွန်သွားခဲ့ပါတယ် ) Avalanna ကို သူ့ရဲ့ Show ပွဲ State စင် ထိတောင် ခေါ်ယူ ခဲ့ဖူးပါတယ်.. Avalanna သေဆုံး ပြီးတဲ့ အခါ မှာ Justin ဟာ.. ကလေး လေး အတွက် Believe tour မှာ One Less Lonely Girl သီချင်း ကို ဆိုပြ ခဲ့ပါတယ်.. Justin Bieber ဟာ hotelအောက်မှာလာစောင့်နေတဲ့belieberတွေကို pizzaလည်းကျွေးခဲ့ပါတယ် .. တခါက ရုံးတက် ရုံးဆင်းချိန် လူ အများ စားသုံးကြတဲ့ Burger ဆိုင်ကို ငှါးပြီး အလကား ကျွေးမွေးခဲ့ပါသေးတယ် .. နာမကျန်း ဖြစ်နေတဲ့ Belieber များကိုလည်း အမြဲ သွားတွေ့ခဲ့ပါတယ် နောက်ပီး Purpose show ဖျော်ဖြေပီးတိုင်းမှာ Make a wish အစီအစဉ်ကနေတစ်ဆင့် ရောဂါသည်တွေကို အမြဲတမ်းတွေ့ဆုံပေးနေပါတယ် ပုံတွေတွေ့ဖူးကြမှာပါ ဒါကိုပြောပြရခြင်းကတော့ Justin Bieber ဟာ Fan တွေ ကို မလေးစားဘူး ဆိုတဲ့အချက်ကိုဖြေရှင်းပြတာပါ... ^^ Justin Bieber ဟာ Charity ဆုတွေ အပြင် Fashion King ဆု Music နဲ့ ပတ်သတ်ပြီး ဆုပေါင်း 200ကျော် nomi 400 ကျော်ရရှိခဲ့ပါတယ်.. Celebrity Belieber တစ်ချို့ကတော့ Obama ´s Daughter ,Victoria Secret models,Miley Cyrus,Katy Perry,Austin Mahone ,Niall Horan from 1D ,Paul Walker´s Daughter,Ariana Grande,Cody Simpson ,David beckham´s sons,Ellen and her daughters, Jonny Deep´s daughters,Jonny Deep ,Eminem ´s daughter, Michael Jackson´s daughter, etc. . . . Justin ဟာ Tour သုံးခု လှည့်လည်ဖျော်ဖြေခဲ့ပါတယ် My world tour က show 127 ပွဲ ရှိခဲ့ပီး ဝင်ငွေ 53.3 million ရခဲ့ပါတယ် Believe tour က show 156 ပွဲရှိခဲ့ပီး ဝင်ငွေ 209.9 million ရခဲ့ပါတယ် Purpose tour က ယခုလှည့်လည်နေတုန်းဖြစ်ပီးတော့ show 122 ပွဲအပီးမှာ ဝင်ငွေ 199 million ရရှိထားပါတယ် အချိန်ပေးပီးဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ် အမှားပါရင်ခွင့်လွှတ်ပါ သိသလောက် တတ်နိုင်သမျှပြည့်စုံအောင် ရေးပေးထားပါတယ် Justin အကြောင်းကို ပိုနားလည်ပီး သူ့အမှားတွေကိုခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်လျက်ရေးသားထားတာပါ။ Credit-Justin Bieber Myanmar Fans and sister ရှင်းသန့်
Comments